About

About Application

ဤ "ရမဿွာန်လက်စွဲ" application သည် ရမဿွာန်လနှင့် သက်ဆိုင်သော ကောင်းနိုးရာရာ စာပေများကို လက်လှမ်းမှီသလောက် စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။ ကျမ်းကိုးများကို သက်ဆိုင်ရာ ကဏ္ဍအောက်တွင် ဖော်ပြထားသည်။ ဤ application သည် MMSY မိသားစုဝင်များ စုပေါင်းဆောင်ရွက်နေသော ပရောဂျက်များမှ တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့ရှိ မြန်မာမွတ်စလင်မ်များ ရမဿွာန်လနှင့် သက်ဆိုင်သော ကျမ်းကိုးများကို အလွယ်တစ်ကူ မှီငြမ်းနိုင်ရန်အလို့ငြာ လက်လှမ်းမှီသမျှ စုစည်းထုတ်ဝေခြင်း ဖြစ်ပါ၍ မူရင်း စာအုပ်ရေးသားသူ/ ဖြန့်ချီသူများထံ တစ်ဦးချင်း လိုက်လံ ခွင့်မတောင်းနိုင်သည်ကို နားလည်ပေးစေလိုပါသည်။ အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရှိပါက (သို့) ဝေဖန် အကြံပြုလိုပါက [email protected] သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်ပါသည်။

About MMSY


www.mmsy.org

Myanmar Muslim Students & Youths
(မြန်မာ မွတ်စလင်မ် ကျောင်းသား လူငယ်များ)

MMSY သည် မြန်မာမွတ်စလင်မ် မန်ဘာမိသားစုဝင်များ၏ အင်အားဖြင့် တည်ဆောက်ထားသော social network ဆိုဒ် တစ်ခုဖြစ်ပါသည်။ MMSY တွင် ကမ္ဘာ အရပ်ရပ်သို့ ရောက်ရှိနေကြသော မြန်မာမွတ်စလင်မ် ညီအကို မောင်နှမများ ရင်းနှီး ခင်မင်စွာဖြင့် အတွေ့အကြုံ အသိပညာ ဖလှယ်ကြပြီး စည်းလုံး ညီညွှတ်စွာဖြင့် အကျိုးပြု ပရောဂျက်များတွင် လက်တွဲ ပါဝင်ကြသည်။